Skip to main content

မြစ်ကြီးနား၊ လားရှိုးနှင့် မြိတ်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၁

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိမြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအားသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၅၈ ပါးတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ ကန်မိန်းဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၂၄၂ ပါးနှင့် ဒေသခံပြည်သူ ၁၅ ဦးတို့ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅၇ ဦးတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌လည်းကောင်း အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင်ဆေးကုသရေးအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများနှင့် ခြင်ဆေးဖျန်းခြင်း များ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်