Skip to main content

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး သာစည်-တောင်ကြီးသွားကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော်လိုက်ပါလာသည့် Dongfeng ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်း Phenol Loose Crystals ၂၁ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်