Skip to main content

မွေးမြူရေးဇုန်နှင့် တစ်ဖက်ပိတ်ဆည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်၌ မွေးမြူရေ နှင့် ကုသရေးဦးစီးဌာနက စမ်းသပ်ဆောင်ရွက်လျက်ရှိသော တစ်ကြိမ်လျှင် မျိုးဘဲဥအလုံးရေ ၁၂၀၀၀ ကျော် မျိုးဖောက်နိုင်သည့် ဘဲဥဖောက်စက်များ စမ်းသပ် မောင်းနှင်နေမှုနှင့် မွေးမြူရေးတိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲ ခန်း BSL-3 ဓာတ်ခွဲခန်း လုပ်ငန်း များတွင် ရေအသုံးပြုနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အလျား ပေ ၃၃၀၊ အမြင့် ၃၆ ပေရှိ တစ်ဖက်ပိတ်ဆည် တည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာ ကံကောင်းမွေးမြူရေးခြံ ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ လုပ်ငန်းများတိုးတက် အောင်မြင်ရေးအတွက် နည်းပညာနှင့် အကူအညီလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ မွေးမြူရေးလုပ်ငန်း ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ယုဇနကုမ္ပဏီလီမိတက်မှငှားရမ်း အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာနပိုင် အမှတ် (၂) ပျဉ်းမနားသကြားစက်သို့ ရောက်ရှိ ရာ စက်လည်ပတ်မှုနှင့်စက်များ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်