Skip to main content

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၂

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၅၂) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းက ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သော Labour Force Survey အရ မြန်မာနိုင်ငံ၏ ကလေးဦးရေ ၁၂ သန်းကျော်တွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိ၍ ခြောက်သိန်းကျော်ခန့်သည် အသက် ၁၈ နှစ်အောက် ကလေးများဖြစ်ပြီးအန္တရာယ်ရှိသည့် အလုပ်များလုပ်ကိုင်နေရကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Global Climate Change ၏ အကျိုးဆက်များဖြစ်သည့် မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသော ဘဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်းပဋိပက္ခကြောင့် ဆင်းရဲနွမ်းပါးမှုနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများကြောင့် လူမှုစီးပွားရေးဘဝ အကျပ်အတည်းများမှတစ်ဆင့် လူငယ်လူရွယ်များသည် ပညာဆုံးခန်းတိုင်အောင်မသင်ရဘဲ ကလေးအလုပ်သမားများ အဖြစ် အသုံးပြုခြင်းခံနေရသည်ကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့နေရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အထောက်အကူပြုနိုင်ရေးအတွက် ကော်မတီ၏လုပ်ငန်းတာဝန်များကို ပူးပေါင်းညှိနှိုင်းကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြစေလိုကြောင်း ပြော ကြားသည်။

ထို့နောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ကော်မတီနှင့်ပတ်သက် သည့်လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြပြီး ဦးစားပေးနယ်မြေဖြစ်သည့် ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစသောတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးတင်ပြ၍ တက်ရောက်လာသည့်အဖွဲ့ဝင်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်