မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးအချိန်မှစ၍ မျက်မှောက်ကာလထိတိုင် မငြိမ်းချမ်းသော အခြေအနေများနှင့် ကြုံတွေ့နေဆဲဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများက တိုင်းပြည်ပျက်စီးစေရန် တိုက်ခိုက် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းတွင် တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများသည် ယနေ့ထက်တိုင် အများပြည်သူအကျိုးစီးပွားများ ပျက်စီးစေရန် အဖျက်လုပ်ရပ်များ ဆက်လက်လုပ်ကိုင်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ကိုင်သူသည် တော်လှန်ရေးလည်းမဟုတ်၊ နိုင်ငံရေးလည်းမဟုတ် ပြည်သူလူထုအကျိုးစီးပွားကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမား သက်သက်သာဖြစ်သည်။ အကြမ်းဖက်အဖျက်သမားများသည် အစိုးရကို တိုက်ခိုက်နိုင်စွမ်းမရှိသဖြင့် အများပြည်သူတို့နှင့် ပြည်သူတို့၏အကျိုးစီးပွားများကို အကြောင်းမဲ့သက်သက် ဖျက်ဆီးတိုက်ခိုက်နေကြသဖြင့် တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်နေသလို ပြည်သူလူထုတစ်ရပ်လုံးကလည်း အကြမ်းဖက်အဖျက်သမားများကို ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရမည် ဖြစ်သည်။
အကြမ်းဖက်အဖျက်သမားများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်လျက်ရှိသည့်အပြင် ပြည်သူလူထုအသုံးပြုနေသည့် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ကို လွိုင်ကော်လေဆိပ်အဆင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်တွင် တည်ဆောက်ထားသော စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင်ဖောက်ခွဲခဲ့သည်။
ထို့အပြင် ဇွန်လ ၂၉ ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်ကို သွားရောက် စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပျက်စီးသွားသည့်တံတားကို ပြန်လည်ပြင်ဆင်ပေးသည့် လုပ်သားများအား ပစ်ခတ်တိုက်ခိုက်ခြင်း တို့ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှု၊ ဒဏ်ရာရမှုရှိခဲ့သည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာကြားရှိ ရထားသံလမ်းကို ဖျက်ဆီးခဲ့ကြသဖြင့် ရထားခရီးစဉ်ဖျက်သိမ်းပြီး ပြန်လည်ပြုပြင်ပေးခဲ့သည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာကြားရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက် မူလီများကို အကြမ်းဖက်အဖျက်သမားများက ဖြုတ်ယူခဲ့ကြသောကြောင့် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် မန္တလေး-ရန်ကုန် ကုန်တင်ရထားသည် ရန်ကုန်မြိုသို့ ထွက်ခွာလာစဉ် တောကျွဲအင်းမြို့ အနောက်မြောက်ဘက် တစ်နေရာ၌ အကြမ်းဖက်သမားများက မိုးထောင်ဖောက်ခွဲတိုက်ခိုက်သဖြင့် ရထားသံလမ်းနှင့်ဇလီဖားတုံးများပျက်စီးပြီး ရထားလမ်းချော်ခဲ့သည်။ အကြမ်းဖက်သမားများသည် အများပြည်သူ ကူးသန်းရောင်းဝယ်မှုနှင့် နေ့စဉ်လူမှုဘဝအတွက် အသုံးပြုနေသော လမ်းတံတားများနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၉၀ ကျော် ပြုလုပ်ခဲ့သည်။
အကြမ်းဖက်အဖျက်သမားများ၏ လုပ်ရပ်များသည် အစိုးရနှင့်လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို တိုက်ရိုက်တို က်ခိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအား အကြမ်းဖက်တိုက်ခိုက် ခြင်းပင်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်ခြင်း၊ စက်ဆုပ်ရွံရှာခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူတို့၏ လူမှုစီးပွားထိခိုက်လာမှုများကို မလိုလားသဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်၍ အကြမ်းဖက်သမားများအန္တရာယ်ကို ကာကွယ်တိုက်ဖျက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ပြည်သူများထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများ ရှိသကဲ့သို့ အဆိုပါဖျက်ဆီးမှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုများသာမက တိုင်းပြည်ဖွံ့ဖြိုးရေးတွင် ထပ်ဆင့် ကုန်ကျမှုများရှိလာရာ အလွန်ဆိုးရွားသော အများပြည်သူ အကျိုးစီးပွားဖျက်ဆီးသည့် လုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)