Skip to main content

၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ နောက်ဆုံးနေ့ ပါဝင်ဆင်နွှဲသူအများပြည်သူတို့ဖြင့် စည်ကားများပြား

ရန်ကုန် ဩဂုတ် ၆

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှု ထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ယနေ့ တွင် စားသောက်ကု န်ပစ္စည်း ဝယ်ယူသူ၊ ပွဲတော်မှ ရောင်းချပေးသည့် အစားအစာနှင့် စတုဒိသာ စားသုံးသူ၊ E-Sport Game နှင့် Entertainment Zone တို့တွင် ကြည့်ရှု အားပေးသူ၊ စက်မှုထုတ်ကုန် ပစ္စည်းများ ဝယ်ယူသူ၊ လျှပ်စစ်ကား (EV) ပြခန်းတို့တွင် လေ့လာသူ၊ ရေပန်းဥယာဉ်၌ အပန်းဖြေ သူတို့ဖြင့် အထူးစည်ကားခဲ့သည်။

ပွဲတော်နှင့်ပြပွဲသို့ လာရောက်ကြသည့် ပြည်သူတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သီးစုံဒံ‌ ပေါက်ဘူး ၅၀၀၀ ဖြင့် လည်းကောင်း၊ ပက်စီအချိုရည် ကုမ္ပဏီမှ အချိုရည်တို့ဖြင့် လည်းကောင်း သုံးရက်တိုင် လှူဒါန်းခဲ့ကြပြီး အများပြည်သူ ဈေးနှုန်းသက်သာစွာဖြင့် နေ့လယ်စာ စားသုံးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တန်ဖိုးသင့် ထမင်းနှင့် ဟင်းအရောင်းဆိုင်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာအများပြည်သူ အားပေးသုံးဆောင်မှု များပြားခဲ့သည်ကို တွေ့ရသည်။

မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှု ထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ‌ နောက်ဆုံးနေ့ဖြစ် သည့်အတွက်အများ ပြည်သူအထူးစည်ကားစွာ လာရောက် ကြည့်ရှုအားပေးကြရာ ပြည်သူတို့၏ ရင်တွင်းပီတိ စကားသံတို့ကို စုစည်း ဖော်ပြလိုက်ပါသည်။

ဦးရဲမောင် (Chief Operation Officer- Asia Pacific Automaker Corp)

ကျွန်တော်တို့နိုင်ငံက EV လျှပ်စစ်ကား မော်ဒယ်အမြင့်တွေ ဘယ်လောက်အထိ ရောက်နေပြီ ဆိုတာ အများပြည်သူ သိရှိ အောင် ပြသပေးနေပါတယ်။ လုံခြုံစိတ်ချ မှုရှိတဲ့ အစီအမံတွေနဲ့ ရောင်းချပေးသွား မယ်ဆိုတာ အများပြည်သူကို ချပြပေး မှာပါ။ အချို့ယာဉ် သုံးစွဲသူတွေအနေနဲ့ ဓာတ်ငွေ့၊ ဓာတ်ဆီကား တွေနေရာမှာ EV ကားကို အစားထိုးချင်နေကြပါပြီ။

EV ကားရဲ့ ကောင်းကျိုးတွေကို မော်တော်ယာဉ်အသုံးပြုလိုသူတွေ သိရှိ ထားတာဖြစ်တဲ့အတွက် ဘယ်အချိန်၊ ဘယ်တော့၊ ဘယ်နေရာမှာ‌ ရောင်းမှာလဲ ဆိုတာ မေးနေပါတယ်။ ခွဲတမ်းအလိုက် ရောင်းချပေးမှုနဲ့ အကောင်းဆုံးဝန်ဆောင် မှု ပေးသွားမှာပါ။ နေပြည်တော်မှာ EV ကားကို ပထမဆုံးပြသခွင့်ရခဲ့တဲ့အတွက် ကောင်းကျိုး၊ ဆိုးကျိုးကိုသိထားပြီး အခုလို အနီးကပ် ကြည့်ရှုလေ့လာခွင့်ရတဲ့အခါ ဘယ်လိုမျိုးယာဉ်ကို နောင်အနာဂတ်မှာ အသုံးပြုရင် မိသားစု အဆင်ပြေမယ် ဆိုတာ သိလာတာကြောင့် အမှာစာမှာတဲ့ သူများလာပါတယ်။ နိုင်ငံအတွက် လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးမှာ အကျိုးများစွာ ရရှိစေလာမှာဖြစ်ပါတယ်။

ဦးရဲဖြိုးနိုင် (တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့ တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ မိုးရာသီ ဈေး‌ရောင်းပွဲတော်ကို လာရောက်ကြတဲ့ အများပြည်သူကို သီးစုံဒံပေါက် စတုဒိသာ ဒါနပြုတာပါ။ ဩဂုတ် ၄ ရက် ဖွင့်ပွဲနေ့က စပြီး ဒံပေါက်ဘူး ၅၀၀၀ နေ့စဉ်လှူဒါန်း ခဲ့တာ ဒီနေ့ဆိုရင် သုံးရက်ရှိပါပြီ။ စည်စည် ကားကားနဲ့ အများပြည်သူပျော်ရွှင်စွာ စားသုံးတာမြင်ရတော့ ကျွန်တော်တို့ လည်း ပီတိဖြစ်ရပါတယ်။

မောင်ချစ်ဝင်းအောင်(တက္ကသိုလ်ကျောင်းသား)

ဒီနေ့ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်တော့ ပြပွဲကိုလာကြည့်ဖြစ်တာပါ။ ကျွန်တော်တို့ ကျောင်းသားတွေ စိတ်ဝင် စားစေတဲ့ E-Sport Game ကို ပြသထားတယ်လို့ သူငယ်ချင်းတွေ ပြောတာနဲ့ လာကြည့်ဖြစ်တာပါ။ ဂိမ်းဆော့တဲ့အချိန် မှာ အခြားစိတ်လွင့်ပျံ့မှုမရှိဘဲ အာရုံစူးစိုက် မှုရှိတဲ့အတွက် အားလပ်ချိန်ဖြစ်စေ၊ စိတ်ပင်ပန်းတဲ့အခါဖြစ်စေ ဂိမ်းကစား ဖြစ်ပါတယ်။ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချနိုင်မယ်ဆိုရင် လူငယ်တွေအတွက် နိုင်ငံတကာ ဂိမ်းပြိုင်ပွဲတွေမှာ ဝင်‌ရောက် ယှဉ်ပြိုင်မှုကနေ အခွင့်အလမ်းကောင်း တွေ ရရှိလာနိုင်ပါတယ်။

မသင်းသီရိခိုင် (ကျောင်းသူတစ်ဦး)

ဈေးရောင်းပွဲတော်မှာ ဂိမ်းပွဲထက် စတိတ်ရှိုးပွဲကို ပိုပြီးနှစ်သက်ပါတယ်။ စားစရာတွေစားတယ်။ စာအုပ်တွေ၊ အဝတ်အစားတွေဝယ်တယ်။ EV ကား ပြခန်းက မော်ဒယ်မမတွေနဲ့ ဓာတ်ပုံရိုက် ကြတယ်။ Entertainment Zone မှာ နာမည်ရအဆိုတော်တွေ သီဆိုတာ မြင်ရ တော့ စတိတ်ရှိုးပွဲကို နှစ်ခြိုက်တဲ့ သမီးတို့လို လူငယ်တွေ ပျော်ရွှင်ရပါတယ်။ ပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူး တင်ပါတယ်။

ဒေါ်ခင်ရီ (၇၄) နှစ် (ပြည်သူတစ်ဦး)

ဒဂုံမြို့နယ်မှာ နေတာပါ။ ဒီနေ့နဲ့ ဆိုရင် ဆီဝယ်တာ သုံးရက်ရှိပါပြီ။ အခုလို အများပြည်သူကို တိုက်ရိုက်ရောင်းချ ပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင် များအသင်းကို အထူးပဲကျေးဇူးတင် ပါတယ်။ အပြင်ထက် ဈေးသက်သာတဲ့ အတွက် အခုလိုတိုးပြီး ဝယ်ယူတာ ကလည်း ပျော်စရာလည်းကောင်းပါတယ်။

မမိုးမိုး (ပြည်သူတစ်ဦး)

စားသုံးဆီထုတ်ရင်း စတုဒိသာ ကျွေးမွေးတာကိုတွေ့ရတော့ ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေအားလုံး သီးစုံဒံပေါက် စားဖြစ်တယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးသင့် ထမင်းနဲ့ ဟင်းလည်း စားဖြစ် တယ်။ အပြင်မှာ အသုပ်တစ်ပွဲစာ ဈေးနှုန်း ပဲရှိပြီး ဟင်းလည်းကောင်းတယ်၊ ထမင်း အဝစားရတယ်။ ဒီပွဲကိုလာကြည့်ကြတဲ့ ဘယ်သူမဆို အစားအစာကအစ အဆင်ပြေတယ်ဆိုတော့ ကျွန်မလို ပဲအားလုံး ကျေနပ်အားရကြမှာပါ။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး