Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့ တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

ရန်ကုန် ဇူလိုင် ၂၆

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

ရုရှားဖက်ဒရေးရှင်း နိုင်ငံတရားသူကြီးချုပ်နှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တရားလွှတ်တော် တရားသူကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများသည် တိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ တွေ့ဆုံကြပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်