နေပြည်တော် ဇူလိုင် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ရတနာတန်းဝင်ကျွန်းပင်နှင့် အရိပ်ရလေကာပင်များကို ဆက်လက်စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ပထမအကြိမ်စိုက်ပျိုးခဲ့ကြသည့် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၀,၈၆၅ ပင်၊ ဒုတိယအကြိမ်၌ ရတနာတန်းဝင်ကျွန်းပင် ၂၀၀ ၊ အရိပ်ရလေကာပင် မဟော်ဂနီအပင် ၁၀၀ စုစုပေါင်း ၉,၅၉၃ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်းနှင့် ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်