နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ Nay-pyitaw State Academy (NSA)မှ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ယင်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ မေ ၃၀ရက်မှ ဇူလိုင် ၂၁ ရက်အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ ရက်သတ္တ ရှစ်ပတ်ကြာတစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အရာထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills ဖြစ်သည့် Reading၊ Writing၊ Listening ၊ Speaking Skills များမွမ်းမံလေ့ကျင့်ပေးခြင်း၊ ရုံးစာရေးသားမှုများဖြစ်သည့် Note Verbal ရေးသားနည်းများ၊ Speech ရေးသားနည်း များ၊ သဝဏ်လွှာရေးသားနည်းများ၊ Con-ference Meeting များ ပြင်ဆင်ဆောင်ရွက်ခြင်း စသည်တို့ကို လေ့ကျင့်သင်ကြားပေးခြင်းများနှင့် Intercultural comm- unication ဆိုင်ရာများ သင်ကြားပို့ချပေးခြင်း၊ Group Presentation များဖြင့် လက်တွေ့လေ့ကျင့်ပေးခြင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပြီး အမှုထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် Grammar များ မှန်ကန်စွာအသုံးပြုတတ်စေခြင်း၊ Communication Skills နှင့် Presentation Skills များ မြှင့်တင်ပေးခြင်း၊ ကိုယ်ရေးရာဇဝင်အကျဉ်း ဖြည့်စွက်ရေးသားခြင်း၊ Email ရေးသားခြင်း၊ Visa Form ဖြည့်စွက်ခြင်း၊ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ Intercultu- ral Communication ဆိုင်ရာများ စသည်တို့ကိုလည်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်းများနှင့် အမှုထမ်းများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆိုဆက်သွယ် ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်