Skip to main content

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ခရေပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများတွင် ခရေ၊ ကံ့ကော်နှင့် စိန်တစ်လုံးသရက်ပင်များကို ဆက်လက် စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရေပင်၊ ကံ့ကော်ပင်နှင့် စိန်တစ်လုံးသရက်ပင် စုစုပေါင်း အပင် ၅၅၀ စိုက်ပျိုးခဲ့ကြကြောင်းနှင့် ယခုနှစ် မိုးရာသီကာ လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ရတနာတန်းဝင် အပင်များ၊ အရိပ်လေကာပင်များ၊ နှစ်ရှည်သီးပင်စားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း ၄၀၁၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)