Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ဇူလိုင် ၂၁

ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၇)ကြိမ်မြောက် အမျိုုးသားလွှတ်တော် ရွေးကောက်ပွဲအားလေ့လာရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့အား ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသန်းထွန်း၊ ဦးအောင်စောဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး လိုက်ပါသွားသည်။

အဆိုပါ ရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအဖြစ် သွားရောက် လေ့လာခြင်းဖြင့်  ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာသိရှိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)