Skip to main content

တရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်၊ (၆) မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဩဂုတ် ၁၇

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးမြဟန်၊ ဦးမျိုးဝင်း တို့ပါဝင်သည့် အထူးအယူခံ ခုံရုံး သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)