ရန်ကုန် ဇူလိုင် ၁၈
ပြန်ကားရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကား(ရန်ကုန်)၌ သံစုံတီးဝိုင်း၏ နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက်စီစဉ်သည့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်) Studio (B)၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က သံစုံတီးဝိုင်းစုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သံစုံတီးဝိုင်း တာဝန်ခံက နိုင်ငံတကာတေး သီချင်းများ လေ့ကျင့်ပြင်ဆင်ထား ရှိမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကို တင်ပြပြီးသံစုံတီးဝိုင်းက National Anthem နှင့် ASEAN Anthem တို့ကို တီးခတ် တင်ဆက်ကာ ဝန်ထမ်းအဆိုရှင်များက နိုင်ငံတကာတေးသီချင်းများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ရုရှားသီချင်းနှင့် မြန်မာတေးသီချင်းတို့ဖြင့် တီးမှုတ်သီဆို သရုပ်ပြသကြရာ (အောက်ပုံ) ပြည်ထောင်စုဝန်ကြီးက တီးဝိုင်းအဖွဲ့၏ဝတ်စုံကိစ္စ၊ သံစုံတီးဝိုင်းအဖွဲ့အား စင်တင်ပေးရန် တူရိယာများ ပိုမိုညီညာကောင်းမွန်အောင် လေ့ကျင့်သွားရန်၊ တေးသီချင်းများ တီးမှုတ်ရာတွင် အသက်ဝင်အောင် ခံစားချက်ထည့်ရန်၊ နိုင်ငံတကာတေးသီချင်း များအကြောင်းကို မသီဆို၊ မတီးမှုတ်မီ မိတ်ဆက်ရှင်းပြခြင်း အစီအစဉ်ထည့်သွင်းရန် မှာကြားသည်။
ယင်းနောက် သံစုံတီးဝိုင်း အဖွဲ့ခေါင်းဆောင်နှင့် ဝန်ထမ်းများအတွက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး တီးဝိုင်းအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သင်တန်းခန်းမတွင် ဖွင့်လှစ်သင်ကြားနေသည့် တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Grooming Course) သင်ကြားနေမှုကို ကြည့်ရှုအားပေးရာ သင်တန်းနည်းပြ Mr.Crisminth က သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူများကို အားပေးစကားပြော ကြားပြီး သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပေးအပ်ကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါသင်တန်းကို မြန်မာ့ အသံနှင့် ရုပ်မြင့်သံကြား၏သတင်း တင်ဆက်သူများ၊ အခမ်းအနားမှူးများ၊ အစီအစဉ်တင်ဆက်သူများအား တစ်ဦးချင်းကိုယ်ရည် ကိုယ်သွေးမြှင့်တင်နိုင်ရန် ကိုယ်နေဟန်ပန်၊ အမူအရာ၊ တင်ဆက်ပုံများ ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ ယနေ့မှ ဇူလိုင် ၂၆ ရက် အထိ ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် Studio (A)သို့ ရောက်ရှိပြီး လူရွှင်တော်စတားကောင်းထက်စီစဉ်သည့် “ဟာသ မြို့တော် ရယ်စရာစင်တင် ဟာသတစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှု ကို ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အဆိုပါအစီအစဉ်တွင် ပါဝင်ရိုက်ကူးနေသည့် လူရွှင်တော်စတားကောင်းထက်နှင့် ဟာသသရုပ်ဆောင်များအား အမှတ်တရ လက်ဆောင်များပေးအပ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်စေရန်ဖျော်ဖြေရေး အစီအစဉ်များကိုတိုးမြှင့် တင်ဆက်လျက်ရှိပြီး အပတ်စဉ် သောကြာနေ့တိုင်းတွင် Friday Night Live Show တေးဂီတဖျော်ဖြေပွဲများ၊ အပတ်စဉ် စနေနေ့တိုင်းတွင်ဟာသ လူရွှင်တော်အဖွဲ့များနှင့် ပူးပေါင်း၍ “ဟာသမြို့တော်ရယ်စရာစင်တင် ဟာသတစ်ခန်းရပ် ပြဇာတ်” အစီအစဉ်ကို ရိုက်ကူးတင်ဆက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်