Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းကို ရေအောက်ကေဘယ်လ်ချခင်းသည့် သင်္ဘော CS.Nusan- tara Explorer ဖြင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကေဘယ်လ်ကြိုးကို Rov သုံး၍ ပင်မလိုင်းခွဲ ယူနစ် (၁) တပ်ဆင် ထားသောနေရာတွင် သောင်တူးခြင်းဖြင့်မြှုပ်နှံခြင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၃၈၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၆ ဒသမ ၆၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၁၀၉ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၆၆၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၃ ဒသမ ၀၅၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၁၆၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၃ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် လည်းကောင်း၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၆၆၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၃ ဒသမ ၀၅၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၁၆၅ မိနစ် ၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၃ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၆၆၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၃ ဒသမ ၀၅၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၁၆၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၃ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်တွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ ဒသမ ၉၈၂ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၃၁ ဒသမ ၉၆၅ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၃၈၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၇ မိနစ် တို့အတွင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိလည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန် (Myanmar Exclusive Economic Zone) အတွင်း ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်မည့် လမ်းကြောင်းတစ်လျှောက်လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာ ဧရိယာများအတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန