Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော် ဇူလိုင် ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိအခြေအနေတွင် ယခင်ကာလများကဲ့သို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် နည်းပညာနှင့် ဆက်စပ်ပစ္စည်းလိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရေး အခြေအနေ၊ UNFPA အနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းစဉ်