Skip to main content

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးဒဏ်သင့်ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော် ဇွန် ၂၆

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတင်ဆောင်လာသည့် အင်ဒိုနီးရှားတပ်မတော်မှလေယာဉ် C 130 တစ်စီးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါ ရောက်ရှိသည့် အင်ဒိုနီးရှားတပ်မတော်လေယာဉ်သည် အာဆီယံနိုင်ငံများမှပေးပို့သည့် ပစ္စည်းများဖြစ်ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်း စာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHA Centre) တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

အင်ဒိုနီးရှားတပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာသည့် ထောက်ပံ့အကူအညီ ပစ္စည်းများတွင် အရေးပေါ်နေစရာပစ္စည်းများ၊ တစ်နာရီကိုငါးရာလီတာထုတ်ပေးသည့် ရေသန့်စက်နှစ်လုံး၊ Jenycl ငါးဂါလံ ဆံ့ရေပုံးများ၊ အုတ်ရိုက်သံများ၊ Emergency Shelter Tool Kit ၊ Tool Kit, Shelter ၊ Water Filtration System Soolt/ hers ၊ W/Pump ၊ Jerry Can, Semi-Collaps W/Screw Cap Lolt တို့ပါဝင်ကြပြီး တန်ချိန်အားဖြင့် ၁၃ ဒသမ ၅၉၄ တန်ရှိကြောင်း သတင်းရရှိသည်။