Skip to main content

အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF 23) နှင့် ဆက်စပ်အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန် တက်ရောက်

နေပြည်တော် ဇွန် ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့်အတူ ဇွန် ၁၅ ရက်က ရုရှားဖက်ဒရေးရှင်း နိုင်ငံစိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF'23) ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်သည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးတို့သည် မကွေးတိုင်းဒေသကြီးအတွင်း မင်းလှ (၁၁၆ မဂ္ဂါဝပ်) နှင့် မင်းတုန်း (၅၆ မဂ္ဂါဝပ်) လေအား လျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Primus Advanced Technolo-gies Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding–MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့တွင် ပုပ္ပား (၂၀၀ မဂ္ဂါဝပ်) လေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းများဆောင် ရွက်ရန်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် Nova Wind JSC၊ Zeya & Associates Co.,Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်ကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် Rosatom၏ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ပြည်ထောင်စု ဝန်ကြီးသည် Roscongress ၏ CEO Alexander Shatirov နှင့် တွေ့ဆုံ၍ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။

သတင်းစဉ်