Skip to main content

မိုခါရန်ပုံငွေ ဘောလုံးပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်

နေပြည်တော် ဇွန် ၁၅

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ ဘောလုံးပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်ဘောလုံးအသင်း Movie FC၊ ဂီတ ဘောလုံးအသင်း Music FC၊ Forever FC ဘောလုံး အသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း Old Star FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထိုသို့ကျင်းပမှုများကို ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ရုပ်ရှင်ဘောလုံးအသင်း Movie FC နှင့်၊ Forever FC ဘောလုံးအသင်းတို့သည်လည်းကောင်း၊ ညွန့်ပေါင်းဘောလုံးအသင်း Old Star FC နှင့် ဂီတဘောလုံးအသင်း Music FC တို့သည် လည်းကောင်း ပရိသတ်မပါဘဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဇွန် ၁၇ ရက်တွင် မွန်းလွဲ ၂ နာရီမှစတင်၍ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲတို့ကို ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အားလပ်ချိန်များတွင်လည်း အနုပညာရှင်များက ဖျော်ဖြေကြ မည်ဖြစ်သည်။

အဆိုပါ မိုခါရန်ပုံငွေ ဘောလုံးပွဲနှင့် တေးဂီတပွဲ ဖျော်ဖြေပွဲကို ဇွန် ၁၆ ရက်တွင် မွန်းလွဲ ၃ နာရီမှ စတင်၍ ပထမပွဲစဉ်ကို MRTV Parliament Channel၊ MRTV Farmers’ Channel၊ MRTV Sports Channel များမှလည်းကောင်း၊ ဒုတိယပွဲစဉ်ကို MRTV Parliament Channel၊ MRTV Farmers’ Channel များမှလည်းကောင်း၊ ပွဲစဉ်နှစ်ပွဲလုံးကို Readers'Channel နှင့် Skynet Sports Channel တို့မှလည်းကောင်း၊ဇွန် ၁၇ ရက်တွင် အဆိုပါ Channel ငါးခုမှလည်းကောင်း တိုက်ရိုက် (Live) ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်