နေပြည်တော် ဇွန် ၁၅
တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှမိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ကျဆုံးခဲ့ရကြောင်းသိရှိရပြီး ရဟတ်ယာဉ်ပျက်စီးခဲ့ရသည်။ ၎င်းတို့၏ ရုပ်အလောင်းများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။