Skip to main content

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ် အား ခန့်အပ်ရန် သဘောတူညီ

နေပြည်တော် ဇွန် ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်၏ နေရာတွင် မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်ကို ၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည် ၁၉၇၈ ခုနှစ်တွင် မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ၎င်းသည် ၁၉၇၈ ခုနှစ်တွင် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံရှိ ဆိုဗီယက်သံရုံး၊ မလေးရှားနိုင်ငံရှိ ဆိုဗီယက်သံရုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတို့၌ သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်သည် တရုတ်၊ အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားတို့ကို တတ်ကျွမ်းသည်။ ၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သားတစ်ဦးရှိသည်။

သတင်းစဉ်