Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi နှင့်တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီး ဌာန မေခလာခန်းမတွင်တွေ့ဆုံသည်။

တွေ့ဆုံစဉ် UNICEF ၏ လက်ရှိ လုပ်ငန်းအစီအစဉ်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ နေထိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် ပြည်တွင်းခရီး သွားလာရေး ထောက်ခံမှုပြုနိုင်မည့်ကိစ္စ၊ လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းကိစ္စ၊ ဝန်ကြီးဌာနနှင့် UNICEF တို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အစီအစဉ်များကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်