Skip to main content

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ

နေပြည်တော်  မတ်  ၂၂

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဌာနဆိုင်ရာများ၊    မြို့တော် စည်ပင် သာယာရေး ကော်မတီများနှင့် မြန်မာနိုင်ငံရေကဏ္ဍတွင်ဆောင်ရွက်လျက် ရှိသော ဌာနအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင်ပါဝင်ကြမည့် ကြီးကြပ်သူ များနှင့်  ဆွေးနွေးတင်ပြမည့်သူများ၊ ရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင်  ဒုတိယဝန်ကြီးက  ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ   ဆွေးနွေးပွဲများမှတစ်ဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ရေနှင့်ဆက်နွှယ် သက်ဆိုင် သူများ အကြား လုပ်ငန်းအတွေ့အကြုံများနှင့် အသိအမြင်များအပြန်အလှန် ဖလှယ် နိုင်ပြီး ခင်မင်မှုရရှိ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်ကောင်းမွန်စေ နိုင်မည်ဖြစ်ပါကြောင်း၊  ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲများတွင် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများအလိုက် ရေကဏ္ဍနှင့်သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာ အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာ ပညာရှင်များက  ဆွေးနွေးတင်ပြကြမည်  ဖြစ်ကြောင်း၊ တက်ရောက်လာသူ များအနေဖြင့် လည်း သိလိုသည်များကို မေးမြန်းခြင်း၊ မိမိတို့ကိုယ်စီ အတွေ့အကြုံများ အပေါ်မူတည်ပြီး ပိုမိုကောင်း မွန်စေရန် အကြံပြုခြင်းများဖြင့်   ပါဝင်ဆွေးနွေး  ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ရေကိုစနစ်တကျ အသုံးပြု နိုင်ရန် စီမံဆောင်ရွက်ပြီး ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုး တက်မှု ကိုပါ အထောက်အကူဖြစ် စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှရေကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရေနှင့်ဆက်နွှယ်သည့် ပညာရှင်များနှင့် ဝန်ကြီး ဌာနများ၊  အဖွဲ့အစည်းများမှ  အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက်  ရေအရင်းအမြစ်အသုံးချသည့် စာတမ်းများ၊ ရေအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ စာတမ်းများနှင့်စပ်လျဉ်းသည့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုကျင်းပရာ ရေနှင့်သက် ဆိုင်သော ဌာနဆိုင်ရာများမှ စာတမ်းရှင်များက ဘာသာရပ် ဆိုင်ရာ စာတမ်း ၂၂ စောင် ဖတ်ကြားကြပြီး Panel Discussion Session ပြုလုပ်၍ အပြန်အလှန်ဆွေးနွေး မှုများ ဆောင်ရွက် ကြသည်။

ရေသယံဇာတ အရင်းအမြစ်များ အကန့်အသတ်ရှိမှု၊ ရေနှင့်သန့်ရှင်းမှုစနစ်ဆိုင်ရာ လိုအပ်ချက်များ ရင်ဆိုင်နေရမှုနှင့်နေ့စဉ်ဘဝတွင်  ရေအသုံးပြုမှု၊ သုံးစွဲမှုနှင့် ရေစီမံခန့်ခွဲမှုပုံစံများကို ပြောင်းလဲ ချွေတာ ဆောင်ရွက်ရန် လိုအပ်မှုတို့ကို အများပြည်သူသိရှိပြီး လိုက်နာဆောင် ရွက်နိုင်ကြစေရန်   ရည်ရွယ်၍ ရေကဏ္ဍ  ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲများကိုကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 

 သတင်းစဉ်