Skip to main content

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

နေပြည်တော်  မတ်  ၂၂

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော အမျိုးသား အကျိုး စီးပွားတိုးတက်ရေးပါတီ၊  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော  အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (Inn National League Party)၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ [National Democratic Force Party (NDF)] တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့   ယနေ့  လာရောက် လျှောက်ထား ခဲ့သည်။

ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၇ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၃၁ ပါတီဖြစ်၍ စုစုပေါင်း ၃၈ ပါတီဖြစ်သည်။ ယင်း ၃၈ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၉ ပါတီ နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၉ ပါတီဖြစ်ပြီး အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံ တင်ခွင့် ပြုနိုင်ရေး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်