Skip to main content

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မှေးမှိန်ပျောက်ကွယ်မသွားစေရန်နှင့် ရေရှည်တည်တံ့စေရန် နိုင်ငံသားတိုင်းတာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်

နေပြည်တော် မတ်  ၂၂

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကို  ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်   ထိန်းသိမ်းမြှင့် တင်ရေးကော်မတီဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကမိမိ တို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများစွာ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်သည် နှင့်အညီ  ဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုများ၏   ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များမှာ  လွန်ခဲ့သည့် နှစ်ပေါင်း  ရာထောင်မကသည့် ကာလများစွာကပင်ပေါကြွယ်စွာ တည်ရှိခဲ့ ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ ဘာသာစကား၊  နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊    ဖျော်ဖြေ တင်ဆက် မှုအနုပညာများ၊ လူမှု ထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်း သဘင်များ၊ စကြဝဠာတို့နှင့်သက်ဆိုင်သည့် အသိပညာနှင့်ထုံးစံများ၊ ရိုးရာလက်မှုပညာများ အစရှိသဖြင့် ပါဝင်ကြပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ကာကွယ်စောင့်ရှောက် ရန်၊  အလေးထားတန်ဖိုးထားရန်၊ ထိန်းသိမ်းမြှင့်တင် အားပေးရန်နှင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရန်  ယူနက်စကို၏ ၂၀၀၃  ခုနှစ်  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ   ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာ ပဋိညာဉ် စာချုပ်ကို  ၂၀၁၄  ခုနှစ် မေလ ၇  ရက်နေ့တွင်  ပါဝင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊   မြန်မာတိုင်းရင်းသားများသည်  လွန်ခဲ့သောနှစ်ပေါင်း   ထောင်ကျော် သမိုင်းတင်ခေတ်မှစ၍  ယနေ့ အထိတိုင်အောင် ကိုယ်ပိုင်အက္ခရာ စာပေအရေး အသား၊ ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံများကို  ဘိုးဘွား အစဉ်အဆက်  လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြပါကြောင်း၊ ထိုသို့ နှစ်ကာလ  ရာထောင်ကျော် ကြာမြင့် နေပြီဖြစ်သည့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ မှေးမှိန်ပျောက်ကွယ် မသွားစေ ရန်နှင့်  ရေရှည်တည်တံ့စေရန် နိုင်ငံသားတိုင်း တာဝန်သိစိတ်ဖြင့် ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ကြရန် လိုအပ်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်

ဒေသအသီးသီးတွင်ရှိသည့် တစ်မူထူးခြားသည့်   ဒြပ်မဲ့အမွေ အနှစ်များကို ရေရှည် တည်တံ့ စေရန်  ထိန်းသိမ်းစောင့်ရှောက်ရာတွင်  အသွင်အပြင် လက္ခဏာ၊ မှတ်တမ်း မှတ်ရာများ စာရင်းပြုစုခြင်း၊ သုတေသနပြုစုခြင်း၊ စနစ်တကျ စုဆောင်းမှတ်တမ်းပြုစုခြင်း၊ ကမ္ဘာကသိရှိအောင် စာရင်း များထုတ်ပြန်ခြင်း၊  ကာကွယ် ထိန်းသိမ်းမှုများ  ဆောင်ရွက် ခြင်း၊ ပျောက်ကွယ်ဆုံးရှုံးသွားခြင်း မရှိအောင် ထိန်းသိမ်းမြှင့်တင်ပေး ခြင်း၊  ထောက်ပံ့ကူညီပေးခြင်း၊ မျိုးဆက်သစ်များသို့ လက်ဆင့် ကမ်းနိုင်ရန် ပံ့ပိုးကူညီခြင်း စသည် တို့ကို  ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရန်  မိမိတို့ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဌာ နများ၊  ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ NGO များ၊ ဝါသနာရှင်များနှင့် ပြည်သူလူ ထုကပါ  ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

တန်ဖိုး   မဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက် သမိုင်းပညာ ရှင်များ၊  စာပေပညာရှင်များ၊ သုတေသီများ၊ အုပ်ချုပ်သူများနှင့် ပြည်သူများက သူ့ခေတ်သူ့ အခါ၊ သူ့နည်းသူ့ ဟန်နှင့်  ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ မကြာမီ ရောက်ရှိ လာတော့မည့် နှစ်သစ်ကူးသင်္ကြန် ပွဲတော်ကိုလည်း မြန်မာနိုင်ငံအနှံ့ အပြားရှိ တိုင်းရင်း သားဒေသများတွင် မိမိတို့ဒေသအလိုက် ကျင်းပလာခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ရေသဘင်ပွဲ ဆင်နွှဲရုံတစ်ခုတည်း မဟုတ်ဘဲ ဘာသာရေး၊ ယုံကြည်ကိုး ကွယ်မှု၊ လူမှုရေး အစဉ်အလာဓလေ့များ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ ဖျော်ဖြေ တင်ဆက်မှုများ၊ ရိုးရာဓလေ့များ၊ သဘာဝစကြဝဠာဆိုင်ရာ  ဗဟုသုတစသည့်  ဒြပ်မဲ့ယဉ်ကျေးမှု နယ်ပယ် (၅)ရပ်လုံး ပါဝင်နေသည့် အလွန်လေးနက်  အနှစ်သာရရှိသည့်  ပွဲတော်ဖြစ်ပါကြောင်း၊ အတာရေပက်ဖျန်းသည့်  သင်္ကြန် ပွဲတော်မျိုးကို  အိမ်နီးချင်းနိုင်ငံ များ  အထူးသဖြင့်  လန်ချန်း-မဲခေါင်ဒေသ  နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ မြန်မာနိုင်ငံ၊  လာအို နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှာပါ ပြုလုပ် ကြပါကြောင်း၊  ဒေသအတွင်း နိုင်ငံများ၏ ယဉ်ကျေးမှုပျံ့နှံ့မှု၊ ကူးလူးဆက်ဆံမှု၊  နှစ်ပေါင်း ရာထောင်ချီသည့် ကာလမှစပြီး ယနေ့တိုင်   ဒေသတွင်းနိုင်ငံများ တွင်  ရှင်သန်နေဆဲဖြစ်သည့် အတွက် လန်ချန်း-မဲခေါင်ဒေသတွင်း   နိုင်ငံများအားလုံးနှင့် သက်ဆိုင် သည့်  ရှင်သန်နေဆဲ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် ဟုလည်းဆိုနိုင်ကြောင်း၊  အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့် တင်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ ကလည်း ယခုနှစ် မဟာသင်္ကြန်၏ ရိုးရာမပျက်ကျင်းပပုံများကို မှတ်တမ်းတင်နိုင်အောင် ဆောင် ရွက်ခြင်းများနှင့်အတူ  ဝိုင်းဝန်းကူညီ  ဆောင်ရွက်ပေးကြရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များ ကို ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ကဏ္ဍအလိုက် ဆွေးနွေး

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်များနှင့် မြန်မာနိုင်ငံ  အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက  အမျိုးသားဒြပ် မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိတို့ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စများနှင့် ဆောင်ရွက်သင့်သည်များကို ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်