ကလေးမြို့နယ်တွင် ငရုတ်သီးပင်များကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ပျိုးထောင်ကာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် သီးညှပ်ငရုတ်သီးများ စတင်သီးပြီး ဖေဖော်ဝါရီလတွင် ငရုတ်သီးများ လှိုင်လှိုင်ကောက်ယူရမည်ဖြစ်ပါသည်။ ယခင်နှစ်များက ငရုတ်တစ်ပိဿာလျှင် ဖောက်သည်ဈေး (၁၅၀၀-၂၀၀၀)ကျပ် ဝန်းကျင်သာ ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ကလေးမြို့မှ ငရုတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့်အတွက် ငရုတ်သီးဈေးကွက်မှာ ဖောက်သည်ဈေး တစ်ပိဿာ (၇၀၀၀-၈၀၀၀)ကျပ် ဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်ငရုတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့် ကာလတွင်မုံရွာ၊ မန္တလေးမြို့များမှ မှာယူရောင်းချလျက်ရှိရာ မုံရွာ-ကလေး ကားလမ်းများ (၁၉.၁.၂၀၂၃) မှ (၂၇.၁.၂၀၂၃)ရက်နေ့ထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသတွင်း လိုအပ်ချက်များအရ ငရုတ်သီးဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ပါကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)