Skip to main content

မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်

မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပါသည်။

၂။ မဲဆန္ဒရှင်များက လိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြ ရာတွင် အချိန်ပိုမိုရရှိစေရန် အတွက် မဲဆန္ဒရှင်စာရင်းကို ၈-၈-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ ၇ ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ (၃)၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ (၄)၊ မှားယွင်းသောအချက်အလက်များ ပါဝင်နေပါက ပုံစံ (၄-ဂ) တို့ဖြင့် တင်သွင်းခြင်းကို ၁၄-၈-၂၀၂၀ ရက်နေ့အထိ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်