Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော် ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

လေ့လာကြည့်ရှု

ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေများကို လှည့်လည်လေ့လာ ကြည့်ရှုကြသည်။

ဖူးမြော်ကြည်ညို

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီးစေတီ တော်မြတ်ကြီးအနီးရှိ တပေါင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားမှုတို့ကို လေ့လာကြည့်ရှုကြသည်။

သတင်းစဉ်