နေပြည်တော် ဒီဇင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အဖွဲ့ဝင်များနှင့်အတူ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့သွားရောက်၍ သင်တန်းကျောင်းလေ့ကျင့်ရေးရုံးရှိ သင်တန်းဌာနများအလိုက်ရုံးခန်းများ၊ သင်တန်းသားစာသင်ဆောင်များ၊ သင်တန်းခန်းမဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် သင်တန်းရုံးရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ခေတ္တကျောင်းအုပ်ကြီးက တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း စိုက်ပျိုး/မွေးမြူရေးခြံများသို့ သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်နှင့် DYLဝက်များ မွေးမြူထားရှိမှု၊ ရာသီသီးနှံများစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် မှော်ဘီမြို့ရှိ တပ်မတော်ဘောလုံးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းဝေးခန်းမတွင် စက်ရုံမှူး ဒေါ်ကေသီက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင်များဖြင့် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စံချိန်စံညွှန်းမှီ အရည်အသွေးကောင်းမွန်သော ဘောလုံး၊ ဘော်လီဘောအမျိုးမျိူးကို များတုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိအသုံးပြုနေသောစက်များနှင့် စွမ်းအားပြည့်ထုတ်ကုန်အရည်အသွေးမကျဆင်းစေဘဲ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်ပစ္စည်းများဈေးကွက်ရရှိရေးနှင့် ရောင်းအားမြှင့်တင်နိုင်ရေး၊ စက်များချွတ်ယွင်းမှုမရှိစေရေး၊ စက်များတာရှည်အသုံးပြုနိုင်ရေးနှင့် စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ရန်စသည်ဖြင့် ဆွေးနွေးပြောကြားကာ သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းဘောလုံးများထုတ်လုပ်နေမှုအဆင့်ဆင့်အား လိုက်လံကြည့်ရှုကြရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
အဆိုပါ ဘောလုံးစက်ရုံသည် တစ်နှစ်လျှင် လူကြီးကန်ဘောလုံး ၇၄၀၀၀ လုံး၊ ဘော်လီဘော ဘော်လုံး ၆၂၀၀၀ လုံး၊ လူငယ်ကန်ဘောလုံး ၁၅၂၀၀၀ လုံး စုစုပေါင်း ၂၈၈၀၀၀ လုံးထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဘီစကစ်နှင့် ခေါက်ဆွဲစက်ရုံ(မှော်ဘီ) သို့ရောက်ရှိရာ စက်ရုံအစည်းဝေးခန်းမတွင် စက်ရုံမှုး ဗိုလ်မှူး ကျော်ဖြိုးဝေ (အငြိမ်းစား)ကစက်ရုံ၏ သမိုင်းအကျဉ်း၊ ဘီစကစ်နှင့်ခေါက်ဆွဲများထုတ်လုပ်မှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အနံ့အရသာ၊ ဆွဲဆောင်မှု စသည့် ပစ္စည်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ရရှိရေး၊ ထုတ်ပိုးကုန်များစနစ်တကျနှင့် စားသုံးသူဆွဲဆောင်မှုရှိရေး၊ စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးနှင့် စက်များရေရှည်အသုံးပြုနိုင်ရေး စနစ်တကျစစ်ဆေးပြုပြင်ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ရေး တပ်မတော်သားမိသားစုများသာမက ပြင်ပဈေးကွက်ကိုပါ သက်သာသောဈေးနှုန်းများဖြင့်ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်စသည်ဖြင့် ဆွေးနွေးမှာကြာပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည်စက်ရုံအတွင်း ဘီစကစ်များနှင့် ခေါက်ဆွဲများထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုကြရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ရာ စက်ရုံမှူးက လက်ခံရယူသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည် ရဲမေလိုင်းခန်းများသို့သွားရောက်၍ ရဲမေ၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။