(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ၂-၁-၂ဝ၂၃ ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် ၄-၁-၂ဝ၂၃ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်ဘက်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ပြောင်းလဲမောင်းနှင်ကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့