Skip to main content

စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် အမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ကျောင်းဆင်းအရာရှိများ၏ ဆဌမအကြိမ်အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၅

စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ကျောင်းဆင်းအရာရှိများ၏ ဆဌမအကြိမ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ အနော်ရထာခန်းမ၌ကျင်းပရာ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၁၅) မှ (၁၉) အထိ ကျောင်းဆင်းအရာရှိများနှင့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် (၁၅) မှ (၁၉) ထိ ကျောင်းဆင်း အရာရှိများ၏ကိုယ်စား အမှတ်စဉ် (၁၉) မှ ကျောင်းဆင်းအရာရှိတစ်ဦးက အာစရိယပူဇော်ပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် (၁၅) မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေမှပေးပို့သည့် ကန်တော့ပန်းဆင်စာလွှာအား အမှတ်စဉ် (၁၅) မှ ကျောင်းဆင်းအရာရှိတစ်ဦးကဖတ်ကြားပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၉) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သည့် ကန်တော့ပန်းဆင်စာလွှာအား အမှတ်စဉ် (၁၉) မှ ကျောင်းဆင်းအရာရှိတစ်ဦးက ဖတ်ကြားသည်။

ဆက်လက်၍ စစ်တက္ကသိုလ်တွင် ပညာသင်ကြားပြသပေးခဲ့ကြသော ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅) မှ (၁၉) အထိ ကျောင်းဆင်းအရာရှိများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီးနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးက ဩဝါဒစကားပြောကြားကာ ကျောင်းဆင်းအရာရှိ များက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများ အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် အာစရိယပူဇော်ပွဲအတွက် လှူဒါန်းကြသော စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၁၅) မှ (၁၉) ထိ ကျောင်းဆင်းအရာရှိများနှင့် အလှူရှင်များအား အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး ကန်တောခံ ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ကျောင်းဆင်းအရာရှိများ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။