နေပြည်တော် ဒီဇင်ဘာ ၁၉
ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးများက လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားများအသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။