Skip to main content

အခြေခံစာရင်းပညာ နားလည်တတ်ကျွမ်းပြီး မှားယွင်းမှု၊ လေလွင့်ဆုံးရှုံးမှုများ မရှိစေရန် နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ‌အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၂၃၄ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ယခု အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို အခြေခံစာရင်းပညာ နားလည်တတ်ကျွမ်းပြီး မှားယွင်းမှု၊ လေလွင့်ဆုံးရှုံးမှုများ မရှိစေရန်နှင့် ရုံးလုပ်ငန်း များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ် များသည် လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်လိုအပ်ပြီး ဝန်ထမ်းတစ်ဦးအနေဖြင့် ကျွမ်းကျင်တတ်မြောက်ထားရမည့် အခြေခံပညာရပ်များ ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းမှပို့ချမှုများကို အလေးထားလေ့လာဆည်းပူး၍ နိုင်ငံနှင့်ဌာနအတွက် အားထား ရသည့် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလို ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

ယခုသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဝန်ထမ်းများ တက်ရောက်နိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၊ နေပြည်တော် သင်တန်းကျောင်းနှင့် တစ်ပြိုင်တည်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို စာသင်ခန်းတက်ရောက်(Face To Face) ဖြင့် နိုဝင်ဘာ ၂၈ ရက်မှ စ၍ နှစ်လကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး သင်တန်းကျောင်းတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၀ နှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် ၁၄၀၊ စုစုပေါင်းသင်တန်းသား ၃၂၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်