Skip to main content

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်     ဒီဇင်ဘာ     ၁

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ   တက်ရောက်ကြပြီး   ရုရှားတပ်မတော်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့်    ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel–General Kim Alexey Rostislavovich နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြန်အလှန်ဆွေးနွေး

အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်  အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာ-ရုရှား  ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများက အစည်းအဝေးမှတ်တမ်းကို အတည်ပြုလက်မှတ်ရေးထိုးကြကာ အထိမ်း အမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြသည်။

ထို့နောက် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံးအကြီး အကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်