ရန်ကုန် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေကျပ် သိန်း ၁၅၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(နေပြည်တော်)က ငွေကျပ် ၁၀ သိန်း၊ သီပေါမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၅ဝ၀ဝဝ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ကိုထွန်း- ကျယ်ဂေါင်)၊ ဦးလှကြည်-ဒေါ်မြင့်မြင့် (နွယ်မာဉာဏ်မိသားစု) နေပြည်တော်၊ သာကေတမြို့နယ် စာရေးဆရာအသင်း၊ ကြို့ပင်ကောက်မြို့နယ် စာရေးဆရာအသင်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၊ ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းနှင့် ဒလမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဓနုဖြူမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၇၀၀၀၀၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၆၀၀၀၀၊ ရေကြည်မြို့နယ် စာရေးဆရာအသင်း၊ လယ်ဝေးမြို့နယ်စာရေးဆရာအသင်း၊ ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် ၅၀၀၀၀ စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး(ကြို့ပင်ကောက်တင်မောင်ဦး)နှင့် သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ၃၀၀၀၀ စီ၊ စာရေးဆရာ လင်းညှို့သွေးက ငွေကျပ် ၁၀၀၀၀ ပေးအပ်လှူဒါန်းကြရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်သွယ်လှူဒါန်းနိုင်
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေလှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅ဝဝ၉ဝ၄၈၆သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်