Skip to main content

ရေဖြူ၊ သင်္ဃန်းကျွန်း၊ နောင်ချိုနှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာရှိ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးစခန်း၌  အောင်မင်းဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ကိုလည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် (ဂ) ရပ်ကွက် သံသုမာလမ်းနှင့် လွတ်လပ်ရေး လမ်းထောင့်တွင် ဝေယံထွန်း (ခ) မွတ်စလင်းကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် (ဂ) ရပ်ကွက် ဘောဂလမ်းရှိ အောင်ထွန်းနိုင် (ခ) အဝိုက်စ်၏ နေအိမ်တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၅ ပြားကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက် ပါလျှံ(၂)လမ်းရှိ စိုင်းစိနိုင်(ခ)အားနမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူကျမူးနှင့် အားလင်တို့ကိုတွေ့ရှိပြီး စိတ်ပြောင်းဆေးဝါးများ ဖြစ်ကြသည့် Happy Water သုည ဒသမ ၀၈၁ ကီလို၊ ကတ်တမင်း သုည ဒသမ ၄၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ၊ ၉ မမ ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၀ တောင့်တို့ကို လည်းကောင်း။

နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီး မန္တလေး-လားရှိုး သွားကားလမ်းတွင် ဆိုင်းယော်မောင်းနှင်ပြီး နော်မိုင်လိုက်ပါ လာသည့် TOYOTA BB အမျိုး အစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား