Skip to main content

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၈

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အထွေထွေညီလာခံအား အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ကြီးမှူး၍ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ငွေသိန်း (အငြိမ်းစား) ဦးဆောင်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသော အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။ အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၁) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် ၁၀ ခုကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပသော (၂၁) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရာက်ခဲ့သည်။ (၂၁) ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်း အနားသို့ H.E. GENERAL PRAYUT CHAN-O-CHA (Prime Minister and Minister of Defence, Chairman of the Veterans Council) က တက် ရောက်ဖွင့်လှစ်ပေးပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီး များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော ဆုံးဖြတ်ချက် ၁၀ ခုကို အဆိုပါ အထွေထွေညီလာခံ၌ အတည်ပြု၍ VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံက ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့သည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်