ရန်ကုန် နိုဝင်ဘာ ၄
ကျောင်းသားလူငယ်များ သတင်းအမှား သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အနာဂတ်ကာလအတွက် ထူးချွန်သောမျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးနှင့် နိုင်ငံချစ်စိတ်မြင့်မားရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများကို အ.ထ.က (၁) သာကေတတွင် ၁-၁၁-၂၀၂၂ နေ့၌လည်းကောင်း၊ အ.ထ.က(၂) သာကေတတွင် ၂-၁၁-၂၀၂၂ နေ့၌လည်းကောင်း၊ အ.ထ.က (၃) သာကေတတွင် ၃-၁၁-၂၀၂၂ နေ့၌လည်းကောင်း ကျင်းပ သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲများသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးအောင်ပြည့်စုံ (အောင်ပြည့်စုံ)၊ ဦးသက်နိုင်ဦး၊ ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ)နှင့် ဦးနေလင်း(မောင်ချိုဝေ)တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၅၀ ကျော်ခန့် တက်ရောက်နားထောင်ကြသည်။
ထို့နောက် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက သတင်းမီဒီယာဆိုင်ရာနှင့် အခြားစာပေဗဟုသုတဖြစ်ဖွယ် သိမှတ်ဖွယ်ရာစာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးများကလက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်