Skip to main content

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀)doses နှင့် ဆေးထိုးအပ်များရောက်ရှိ

ရန်ကုန် အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုးအပ်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကာကွယ်ဆေးများအား လွှဲပြောင်းလက်ခံခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အခြေခံပညာကျောင်းသား/သူများအားထိုးနှံပေးခဲ့ရာ အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၉၄.၃၅)ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများအား အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၇.၈၉) ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှလှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက်(၅)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပကလေးများအား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။