Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား တည်ရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ကုလသမဂ္ဂနှင့် ဘင်းမ်စတက်အဖွဲ့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်