Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင်ကျင်းပမည့် Association of World Election Bodies(A-WEB)၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန်ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၁၆

တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် ကျင်းပပြု လုပ်မည့် Association of World Election Bodies (A-WEB) ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်တို့ တက်ရောက်မည်ဖြစ်သည်။

အဆိုပါ အထွေထွေညီလာခံသို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးစောဘလှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

Association of World Election Bo-dies(A-WEB)အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်း ၁၁၉ ဖွဲ့ ပါဝင်ကြသည်။ အဆိုပါ အထွေထွေညီလာခံသို့ တက်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲစနစ်များကို လေ့လာသိရှိခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နည်းပညာဖလှယ်၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုရရှိခြင်း စသည့်အကျိုး ကျေးဇူးများရရှိမည်ဖြစ်ပြီး ယင်းညီလာခံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက် အထိ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်