Skip to main content

၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကျင်းပပုံများကို အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီ မိနစ် ၅၀ မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV-HD ၊ MRTV News ၊ MWD ၊ MWD Variety၊ MITV ၊ Channel 7 ၊ 5 Plus ၊ Channel 9 ၊ တိုင်းရင်းသား Channel ၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။

သတင်းစဉ်