Skip to main content

စာအုပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၇

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စေတနာရှင် အလှူရှင်များက ကျေးရွာစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် ၂၂၈ ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက မြန်မာနိုင်ငံတွင် ရှင်သန်အောင်မြင်နေသော စာကြည့်တိုက် ၆၀၀၀ ကျော် စာရင်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် စာအုပ် များနှစ်စဉ်ဝယ်ယူပြီး ထောက်ပံ့ပေးသကဲ့သို့ ယခုအလှူရှင်များလှူဒါန်းသည့် စာအုပ်များကိုလည်း စာကြည့်တိုက်များသို့ ပေးပို့ခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် မိမိတို့ ဖောင်ဒေးရှင်းအနေဖြင့် စာကြည့်တိုက်များ တိုးပွားရေး စာအုပ်စာစောင်များ ပေးပို့ရေးတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အလှူရှင်များ တိုးပွားလာရေးအတွက် စည်းရုံးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

အလှူရှင် စာရေးဆရာ တက္ကသိုလ်စိုးယဉ်က စာအုပ်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး အလှူရှင်စာရေးဆရာ မောင်မောင်ညွန့်လှိုင်က လှူဒါန်းရ ခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ တက္ကသိုလ်စိုးယဉ်က “လူမျိုးမရွေး လိုက်နာ စောင့်ထိန်းသင့်သော လောကပါလတရား” စာအုပ်အုပ်ရေ ၅၀၀ (တန်ဖိုးကျပ်ငါးသိန်း) လှူဒါန်းခြင်းနှင့် စာရေးသူမောင်မောင်ညွန့် လှိုင်ရေးသားသည့် “ကျွန်မစာတတ်ချင်သည်” စာအုပ် အုပ်ရေ ၄၀၊ “MBA Culture ” နှင့် “တိတ်တခိုး အချစ်” စာအုပ် ၃၅ အုပ်၊ ဖားမင်းသားလေးပုံပြင် အုပ်ရေ ၁၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၈၇၅၀၀ လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူကြောင်း သိရသည်။

သတင်းစဉ်