Skip to main content

ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ နှိုးဆော်ချက်ထုတ်ပြန်

ရန်ကုန် အောက်တိုဘာ ၆ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ည)တွင် “မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန် အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ်သော ဆေးရောင်များသုတ်စေခြင်း၊ ဝင်းမခတ်သည့်ခြံမြေကို ဝင်းခြံခတ်စေခြင်း၊ ဟောင်းနွမ်းယိုယွင်းသည့် ဝင်းခြံကိုပြုပြင်စေခြင်း”  ဟု လည်းကောင်း၊ ပုဒ်မခွဲ (ဋ)တွင်  “ပုဒ်မခွဲ (ည)အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆိုခြင်း” ဟု လည်းကောင်း ပြဋ္ဌာန်း ထားရှိသည်။

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ(၂၀၁၈ ခုနှစ်)ပြဋ္ဌာန်းချက်နှင့်အညီ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် လမ်းမများနှင့် မျက်နှာစာများရှိ မိမိတို့၏ ခြံစည်းရိုးများ၊ နေအိမ်များ၊ အဆောက်အအုံနံရံနှင့် ခြံဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများအား သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းဆောင်ရွက်ပေးကြရန်၊ အမြင်မတင့်တယ်သည့် ခြံစည်းရိုးများရှိပါက အမြင်တင့်တယ်အောင် သန့်ရှင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ဆေးသုတ်မွမ်းမံပေးကြရန် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များ အလိုက်နှိုးဆော်အကြောင်းကြားထားကြောင်း သိရသည်။

သတင်းစဉ်