Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့

နေပြည်တော်  အောက်တိုဘာ ၆

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်း မိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝန်ထမ်း မိသားစုဝင်များ၏ သားသမီးများအား ပညာရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရေးအတွက် ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ မိဘများအား မှာကြားလိုသည်မှာ မိမိတို့၏ သားသမီးများကို အဓိကအားဖြင့် ပညာအမွေ ပေးကြစေလိုပါကြောင်း၊ ထို့အတူ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းနှင့် သဟဇာတ ဖြစ်စေရန်၊ ရည်မှန်းချက် ထားရှိတတ်သူ ဖြစ်စေရန်၊ သဘောထားကြီးသူ ဖြစ်စေရန်၊ မနာလိုစိတ် ကင်းစေရန်၊ မျှဝေတတ်စေရန်၊ ကူညီတတ်စေရန်၊ စည်းကမ်းရှိစေရန်၊ အကျင့် စာရိတ္တ ကောင်းမွန်သူ ဖြစ်စေရန်၊ ကြိုးစားတတ်သူဖြစ်စေရန်အတွက် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ပညာကို အရွယ်မရွေး လေ့လာလိုက်စား ကြစေလိုပါကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ အလိုက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)