နေပြည်တော် အောက်တိုဘာ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ပိတောက် လမ်းနေ အောင်စန်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြဝတ်ရည်(၂)လမ်းနေ စိုးသူရ(ခ) ရထား(ခ) ကွမ်းပုံး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း။
ထို့အတူ အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီတွင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်နေ အောင်မြင့်မြတ် (ခ)ခေါလေး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ကွင်းဆက်အရ ညနေ ၆ နာရီခွဲတွင် အဿက(၂၂)လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ နေလင်း ထွန်း (ခ)ဘိုတောက်အား စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကိုလည်းကောင်း။
အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဝင်းရဲထက်ကျော်(ခ)ကိုရဲအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်