Skip to main content

PDF အမည်ခံ အကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

နေပြည်တော် အောက်တိုဘာ ၄

NUG၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ အနေဖြင့် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ အောက်တိုဘာလ ၃ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန် ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းအတွင်းရှိ နှစ်ထပ်ကံ့ကော်ဆောင် အပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့သည်။ ယင်းသို့ စာသင်ကျောင်းအား နှောင့်ယှက်ပစ်ခတ်ခဲ့သော အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။