တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်အမျိုး အစားလေးခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက် ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန် များနှင့် ကုန်စည်အမျိုးအစား ၁၄ ခုဖြစ်သည့် အစာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ အစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့် ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့် ပြုလုပ် ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန် များ၊ စားသုံးနိုင်သောအစေ့အဆန်များ၊ ကြိတ်ခွဲသီးနှံထွက်ကုန် များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက် များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ သစ်သီးခြောက်များ၊ မလှော်ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရ အစား အသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်း ကုန်စည် အမျိုးအစား ၁၈ အုပ်စုကို တရုတ်နိုင်ငံ၊ GACC တွင် မှတ်ပုံတင် ရမည်ဖြစ်သည်။
ကုန်စည်အုပ်စုအလိုက် GACC တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြသည်။ အဆိုပါကုန်စည် အမျိုးအစား ၁၈ အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/ တင်ပို့မည့်လုပ်ငန်းများ အနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်သည်။
၁-၁၂-၂၀၂၁ ရက်မှ ၃၀-၉-၂၀၂၂ ရက်အထိ ကုမ္ပဏီ/စက်ရုံ ၁၀၂၂ ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း ၁၈၅၀ စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၈၈၃ ခု၊ စောင်ရေ ၁၇၁၁ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ ၁၁၈ ခု၊ စောင်ရေ ၁၁၈ စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၂ ခု၊ စောင်ရေ ၁၂ စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင်ရှိကြောင်း သိရှိရသည်။