နေပြည်တော် အောက်တိုဘာ ၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၁(ရှမ်း)၊ ၂၂/၂၀၂၁ (ရှမ်း)၊ ၂၃/၂၀၂၁ (ရှမ်း)၊ ၂၄/၂၀၂၁ (ရှမ်း) စုစုပေါင်းတရားမအထူးအယူခံမှု လေးမှုကို စီရင်ချက်ချမှတ်ခဲ့သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၂ (ရခိုင်)၊ ၂၅/၂၀၂၂ (ရန်ကုန်)၊ ၂၈/၂၀၂၂ (မန္တလေး)၊ ၂၉/၂၀၂၂ (မန္တလေး) စုစုပေါင်းတရားမအထူးအယူခံမှု ငါးမှုကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်