Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၃

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်နှင့် ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဦးဝင်းကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓမ္မလောကကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ဓမ္မစေတီ ပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေလယ်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်သုခဗိမာန်ကျောင်းတိုက်နှင့် လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ မဟာဝိသုတာ ရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရေနံချောင်းကျောင်း တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဏ္ဍလာရာမပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ သုစိတ္တာရုံကျောင်းတိုက်နှင့် ဒလမြို့နယ်ရှိ နန်းဦးပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မဝိဒူကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ပန်အုပ်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်