Skip to main content

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2022) ပြိုင်ပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁

ဆိုက်ဘာလုံခြုံရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေး အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2022 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ယနေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာနအဆောက်အအုံ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီသူများနှင့် ပြိုင်ပွဲအားစိတ်ပါဝင်စားသူများ တက်ရောက်အားပေးကြသည်။

ဝင်ရောက်ယှဉ်ပြိုင်

အဆိုပါပြိုင်ပွဲကို အသင်းကိုးသင်းမှ ပြိုင်ပွဲဝင် ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ကျင်းပသည်။ ပြိုင်ပွဲတွင် ပထမဆုကို S1gmA Be@c0n Team ကလည်းကောင်း၊ ဒုတိယဆုကို Team r00T ကလည်းကောင်း၊ တတိယဆုကို NYTe@M ကလည်းကောင်းရရှိကာ ပထမဆု ငွေကျပ် ၁၅ သိန်းနှင့် ထပ်ဆောင်းချီးမြှင့် ဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်းနှင့် တတိယဆုငွေကျပ်ခုနစ်သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်